Posted by : Unknown Sunday, December 15, 2013
image
✔ ကွန်ပျူတာပိုမိုမြန်ဆန်သွက်လက်လာစေ ရန် HD freeing up ပြုလုပ်ခြင်း✔
♕ ကွန်ပျူတာပိုမိုမြန်ဆန်သွက်လက်လာစေ ရန် HD freeing up ပြုလုပ်ခြင်း ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကို Waste capacity ကို များစွာပေးထား တာပါ ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့် free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားဖို့လိုပါတယ်. ပထမဆုံး my computer ကို ဖွင့်ပါ Localdisk:C ရဲ့properties မှာ usedspace,freespace ဘယ်လောက် ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ .. မှတ်သားပြီးသွားရင်တော့ ၁။ Start Menu , Control Panel မှ Power options ကို click ပါကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး ပြီးရင် EnableHibernation ဆိုတဲ့စာကြောင်း လေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်.. ၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ် Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ် Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ Disk space to use: အောက်မှာ မူလက 12 % ( 6132MB) ရှိရာမှ 3% (1386MB) သို့လျှော့ချလိုက်ပါမယ်. ပြီးရင် Ok ပေးပါ.. ၃။ Start Menu , Internet explorer ကို open ရပါမယ် Menu bar မှ tools , Internet options ကို click ပါ Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် .. Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ ၄။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ် Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက 474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK……… နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ် ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ သလဲဆိုတာ စစ်ဆေးကြည့်ရင်း မိမိကွန်ပျူတာ ဘယ်လောက် မြန်ဆန်သွက်လက် လာသလဲဆိုတာ စမ်းသပ်ကြည့်ကြပါစို့လား ……… အနှစ်ချုပ်ကတော့.. • Recycle Bin: Default 10 % dropped to 1% • Hibernation:Default ON ( for notebooks) switched OFF • Internet explorer: Default 474 MB dropped to 50 MB • System Restore: Default 12% dropped to 1% (~ 1 GB)♕
        အဆင်​​ပြေ ပါ​စေ။
                        ကို​ဇော်​သွင်​(နည်းပညာ)
One Response so far.
  1. Root says:
    ကျွန်​​တော့်​ကွန်​ပြူတာ​တော်​​တော်
fb-comments
နောက်​ဆုံးတင်​သည့်​ပို့စ်​များ
My Blogger TricksAll Blogger TricksAll Blogging Tips
★​​ဒေါင်းလုပ်​ယူနည်း★
ပေးထား​သော လင့်​ခ်​ အား Click နှိပ်​ပြီး Tab နောက်တစ်မျက်နှာရောက်လျှင် ၅ စက္ကန့် မျှစောင့်ကာ ညာဘက်ထိပ်နားက "SKIP AD"ဆိုတာကိုထပ်​မံ၍ Click နှိပ်​​ပေးလိုက်​လျှင်​မိမိ Down ယူရမည့်​ဆိုဒ်​သို့ ​ရောက်​ရှိမည်​ဖြစ်​သည်​။
ဖန်​တီးမျှ​ဝေသူများ
Facebook တွင် Like လုပ်၍အားပေးပါဦး
လာလည်နေသူများ
Popular Post
Labels
Blog Archive
Powered by Blogger.
- Copyright © ကိုဇော်သွင်(စန္ဒယားနှင့်ကီးဘုတ်) -Metrominimalist- Powered by Blogger - Designed by Johanes Djogan -